Skip to content
-
Visit our latest uploaded courses and products. Explore Now!
Blendini Myanmar

Your 3D Animation Companion

Blendini Myanmar

Your 3D Animation Companion

  • Home
  • Blog
  • Tuts List
  • Lesson Updates
  • Shop
  • Online Classes
  • About Us
  • Contact
  • Home
  • Blog
  • Tuts List
  • Lesson Updates
  • Shop
  • Online Classes
  • About Us
  • Contact
Close

Search

  • Facebook
  • Telegram
  • YouTube
Subscribe
Home/Download လုပ်နည်း

Download လုပ်နည်း

Blendini-Myanmar Web က File အများစုကို terabox.com မှာ တင်ထားပါတယ်။

TeraBox ဆိုတာ Cloud Storage (အချက်အလက်များကို အွန်လိုင်းပေါ်မှာ သိမ်းဆည်းပေးတဲ့ဝန်ဆောင်မှု) တစ်ခုဖြစ်ပါတယ်။
တရုတ်နည်းပညာကုမ္ပဏီ Baidu ရဲ့ နိုင်ငံတကာသုံး ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး File Size အများကြီးကို
အခမဲ့သိမ်းချင်သူတွေကြားမှာ အရမ်းခေတ်စားပါတယ်။

TeraBox နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေကို အောက်မှာ အနှစ်ချုပ် ရှင်းပြပေးထားပါတယ်။

(1) အဓိက အားသာချက်က (1000 GB free / life time) ရပါတယ်။

TeraBox ရဲ့ အကြီးမားဆုံး ဆွဲဆောင်မှုက email acc တခုသုံးပြီး အကောင့်ဖွင့်တာနဲ့ 1,024 GB (1 TB) ကို အခမဲ့ ရတာပါ။

(သတိထားရမှာက တခါတလေမှာ 10 GB space ဘဲရတာမျိုးလည်း ရှိတတ်ပါတယ်)

Google Drive က 15 GB (free) ဘဲပေးတဲ့အချိန်မှာ ဒါဟာ အလွန်များပြားတဲ့ ပမာဏဖြစ်ပါတယ်။

ဓာတ်ပုံပေါင်း 3 သိန်းခန့် (သို့မဟုတ်) HD (1920*1080) ရုပ်ရှင် ကားပေါင်း 2500 ခန့် သိမ်းဆည်းနိုင်ပါတယ်။
Phone / Computer ထဲက ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကို TeraBox ပေါ်တင်ထားပြီး ကိုယ့် device ကို free space အများကြီး
ရှိနေစေတာမျိုးပါ။ လိုအပ်ချိန်မှာ terabox ကနေ ပြန်ယူလို့ရတာပေါ့။

admin တင်ထားတဲ့ File Size စုစုပေါင်း 2 TB ပမာဏ ဟာ သက်တမ်း 6 နှစ်ခန့်ရှိပါပြီ။ ပျောက်ပျက်သွားတာမျိုးလုံးဝ မရှိသေးပါဘူး။

Auto Backup function လည်းရပါတယ်၊ phone / computer ထဲက files ကို အလိုအလျောက် Cloud ပေါ် ရောက်အောင်
လုပ်ဆောင်ပေးနိုင်ပါတယ်။
File Sharing ကတော့ ဖိုင်ဆိုဒ်ကြီးတာတွေကို Link ပေးပြီး တစ်ဖက်လူဆီ ပို့ပေးဖို့ အရမ်းလွယ်ကူမြန်ဆန်ပါတယ်။

(2) အားနည်းချက်နဲ့ သတိထားရမယ့်အချက်တွေ ရှိပါတယ်။

TeraBox ဟာ free space အများကြီး အခမဲ့ပေးထားတဲ့အတွက် အဆင်မပြေတာလေးတွေလည်းရှိနေပါတယ်။


ဘာတွေလဲဆိုတော့ အခမဲ့သုံးသူတွေအတွက် App ထဲမှာ ကြော်ငြာတွေ ခဏခဏ တက်ပါတယ်။
Premium (ပိုက်ဆံပေးသုံးသူ) မဟုတ်ရင် Upload / Download Speed ဖိုင်အတင်အချ လုပ်တာ နည်းနည်း နှေးတတ်ပါတယ်။
(ဒါပေမယ့် Free User အနေနဲ့ ကိုယ့်အိမ်က wifi speed အတိုင်းတော့ အပြည့်ရပါတယ်။ 2026 ခုနှစ် အခြေအနေအရ
vpn သုံးဖို့တော့ အကြံပြုလိုပါတယ်။)

လုံခြုံရေးအရ အရေးကြီးဆုံးအချက်တခုက တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီဖြစ်တဲ့အတွက် ကိုယ်ရေးကိုယ်တာ

အချက်အလက် လုံခြုံမှုနဲ့ပတ်သက်ပြီးမှတ်ပုံတင်၊ ဘဏ်အကောင့်နံပါတ်နဲ့ အရမ်း အရေးကြီးတဲ့ Privacy ဖိုင်တွေကို

မသိမ်းဖို့တော့ သတိပေးလိုပါတယ်။

အနှစ်ချုပ်ပြောလိုတာကတော့ …


TeraBox ဟာ File Size များတဲ့ ရုပ်ရှင်တွေ၊ သီချင်းတွေ၊ ဂိမ်းဖိုင်တွေနဲ့ သိပ်မရေးကြီးတဲ့ ဓာတ်ပုံဟောင်းတွေ သိမ်းဖို့အတွက်ပဲ သုံးတာ အကောင်းဆုံးပါ။
အရေးကြီးတဲ့ လုပ်ငန်းသုံးဖိုင်တွေအတွက်တော့ Google Drive (သို့မဟုတ်) OneDrive တို့က ပိုပြီး စိတ်ချရပါတယ်။

အောက်မှာ terabox Account ဖွင့်နည်း၊ Download လုပ်နည်းတို့ကို ရှင်းပြပေးထားပါတယ်။

Terabox Account ဖွင့်နည်း

(01) email account တခုသုံးပြီး sign up လုပ်ပါ။

(02) Continue with google က Browser မှာ sign in လုပ်ထားပြီးသား ကိုယ့် email နဲ့ တန်းချိတ်မှာ ဖြစ်ပြီး အနီရောင် ဝိုင်းပြထားတာက

sign in မလုပ်ထားတဲ့ တခြား ကိုယ်နှစ်သက်ရာ email account တခုခုနဲ့ sign up လုပ်ရမှာ ဖြစ်ပါတယ်။

(03) email ထည့်ပါ။

(04) ကိုယ့် email ထဲ ပို့လာတဲ့ verification code ထည့်ပါ။

(05) Password သတ်မှတ်ပေးပါ။

(06) Create account ဆက်နှိပ်ပါ။

(07) 1 TB (free / life time) ရပါပြီ။

Download လုပ်နည်း

Terabox download link ( ဥပမာ – https://terabox.com/s/************** ) တခုကို browser ထဲ ထည့်လိုက်တာနဲ့

အောက်က ပုံအတိုင်းတွေ့ရပါမယ်။

ညာဘက်မှာ Save to Terabox နဲ့ Download တို့ဖြစ်ပါတယ်။

Save to Terabox က ကိုယ့် terabox account ထဲ သိမ်းထားပေးထားပြီး၊ Download ကျတော့ Computer Hard Drive ထဲ သိမ်းဆည်းပေးတာပါ။

ကိုယ့် terabox acc ထဲ save လုပ်ပြီးသား file တွေကို hard drive ထဲ download လုပ်ဖို့ မခက်ပေမဲ့ Computer Hard Drive ထဲ တိုက်ရိုက်

Download လုပ်ရာမှာ အခက်အခဲရှိတတ်ပါတယ်။

Download နှိပ်တာနဲ့ terabox desktop application (latest) ကိုတောင်းတာပါ။ အခုမှ စသုံးသူတွေက အဲဒီ app ကို (terabox site ထဲကနေပြီး) download , install လုပ်ပေမဲ့ app မ run တာ, run ပေမဲ့ ချက်ချင်းပြန်ပျောက်သွားတာမျိုးပါ။ ဒါဟာ Latest Terabox Desktop App နဲ့ window compatible မဖြစ်တာပါ။ win 10 မှာ အဖြစ်များပါတယ်။ 2025 နှစ်လယ် နောက်ပိုင်း ထွက်တဲ့ apps တွေမှာ အဲဒီ ပြဿနာတွေ ရှိပါတယ်။

ဖြေရှင်းနည်းကတော့ အသင့်တော်ဆုံး App ver TeraBox_1.18.0.13 ဒီနေရာမှာ ယူပါ။

Web Browser မှာ Sign up လုပ်ထားတဲ့ email & password အတိုင်း Sign in လုပ်ပါ။ (အများအားဖြင့် vpn လိုပါတယ်)

ခနစောင့်ပေးပြီးရင် အောက်ကပုံအတိုင်း ကိုယ့် acc signed in နဲ့ app သုံးလို့ရပါပြီ။

Final Download Step

terabox download link ကို တနေရာကနေ copy လုပ်တာနဲ့ အောက်က ပုံအတိုင်း box တခုပေါ်လာပါတယ်။

(မပေါ်လာရင် browser ထဲ paste လုပ်ပေးပါ)

View နှိပ်လိုက်တာနဲ့ download file / folder ကိုတွေ့ရပါမယ်။

App မှာလည်း web လိုဘဲ Save to Terabox / Download ကိုယ်နှစ်သက်ရာ သုံးနိုင်ပါတယ်။

Download လုပ်နေပါပြီ။ admin ကတော့ download folder ကို Local Drive – D မှာ သတ်မှတ်ပေးထားပါတယ်။ အပေါ်ပုံကိုကြည့်ပါ။

အခုပြောခဲ့တာက download တခုတည်းပါ။ file backup , upload များလည်း အလွယ်တကူ စမ်းသပ်ကြည့်နိုင်ပါတယ်။

download rate ကတော့ wifi / vpn အခြေအနေအရပါဘဲ။ အသေးစိတ်သိချင်တာရှိရင် Ph-09 781 784 331 (or) FB Page Messenger မှာဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Check All Lessons

Categories

  • 3DS Max
  • Blender
  • CG World
  • Courses
  • Houdini
  • Maya

About Us

Blendini is a Myanmar-based 3D Animation Studio dedicated to spread the industrial-related insights, share learning resources and sell 3D products.

Popular Posts

  • [Gumroad] Crossmind Studio – Let’s learn ANIMATED CHARACTER CREATION IN 3D
  • Introduction to Texture Baking
  • 𝐁𝐥𝐞𝐧𝐝𝐞𝐫 𝐚𝐧𝐝 𝐌𝐚𝐲𝐚 𝟑𝐃 𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 , ဘယ်ဟာ လေ့လာသင့်လဲ … ? (1)
  • Blendini ဆိုတာ ဘာလဲ
  • Udemy – Complete Blender Creator – Learn 3D Modelling for Beginners by Art Studio

Find Us

Address
No.48, Hlaing, Than St.
Yangon, Myanmar

Phone
09781784331
09786572256

Hours
Monday–Friday: 9:00AM–5:00PM
Saturday & Sunday: 11:00AM–3:00PM

Archives

  • March 2026 (1)
  • February 2026 (8)
Copyright 2026 — Blendini Myanmar. All rights reserved.