Skip to content
-
Visit our latest uploaded courses and products. Explore Now!
Blendini Myanmar

Your 3D Animation Companion

Blendini Myanmar

Your 3D Animation Companion

  • Home
  • Blog
  • Tuts List
  • Lesson Updates
  • Shop
  • Online Classes
  • About Us
  • Contact
  • Home
  • Blog
  • Tuts List
  • Lesson Updates
  • Shop
  • Online Classes
  • About Us
  • Contact
Close

Search

  • Facebook
  • Telegram
  • YouTube
Subscribe
Home/Blender/𝐁𝐥𝐞𝐧𝐝𝐞𝐫 𝐚𝐧𝐝 𝐌𝐚𝐲𝐚 𝟑𝐃 𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 , ဘယ်ဟာ လေ့လာသင့်လဲ … ? (1)
BlenderCG WorldMaya

𝐁𝐥𝐞𝐧𝐝𝐞𝐫 𝐚𝐧𝐝 𝐌𝐚𝐲𝐚 𝟑𝐃 𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 , ဘယ်ဟာ လေ့လာသင့်လဲ … ? (1)

By admin
February 21, 2026 5 Min Read
0

3D Animation Software တွေမှာ ..

Blender နဲ့ Cinema4D,

Blender နဲ့ 3dsMax,

Blender နဲ့ Maya,

Blender နဲ့ Houdini , software user အချင်းချင်း

ပွတ်တိုက်မှုဟာ အတော်ကြီးတယ်။

ဒီထဲကမှ Blender နဲ့ Maya ဘယ် သူက ပိုကောင်းလဲ၊ ဘယ်ဟာကို ပိုလေ့လာသင့်လဲ ? ဆိုတဲ့ မေးခွန်းတွေ၊ ဖြေကြားချက်၊ အကြံပြုချက်တွေ အကောင်းအဆိုး၊ နှိုင်းယှဥ် ငြင်းခုန်ကြတဲ့ အသံတွေဟာ

Blender 2.8 release နောက်ပိုင်း 2018 လောက်မှာ

အတော်လေး ဆူညံခဲ့ပါတယ်။ ပြည်ပမှာဆိုရင် အသုံးပြုသူတွေကြား

တဘက်နဲ့ တဘက် ရန်ဖြစ်ကြတာတွေတောင်တွေ့ရပါတယ်။

artist စစ်စစ်တွေထက် software funboy

တွေ အကဲပိုတာလည်း ရှိပါတယ်။

ခုထိလည်း ရှိနေတုန်းပါဘဲ။

Blender သုံးပြီး Level တခု ရောက်နေပြီဖြစ်တဲ့

Artist တွေအတွက်တော့ တခြား ဘယ်ကောင်ကောင်းတယ်၊

မကောင်းဘူးဆိုတာ သိပ် စိတ်ဝင်စားဖွယ်တော့

မရှိလောက်ဘူး ထင်ပါတယ်။ ဒါပေမယ့် အချို့သော ဝါသနာရှင်၊ Beginner Artist တွေ မေးလေ့ရှိတဲ့ မေးခွန်းတွေမို့၊ လေ့လာမိသလောက် knowledge sharing လုပ်တာ ဖြစ်ပါတယ်။

လက်လှမ်းမှီသလောက် တဦးချင်းကို တတ်နိုင်သလောက် ဖြေသလို၊

အကြောင်းကြောင်းကြောင့် ပြန်မပြော ဖြစ်ခဲ့တာတွေအတွက်

ဒီ post မှာ ပေါင်းပြီး ရေးထားပါတယ်။

ဘယ် software ပိုကောင်းတယ် ဆိုတာထက် .., Blender, Maya နှစ်ခုလုံးရဲ့

Functionality, Creative Power, နှိုင်းယှဥ်တာ တွေသိပ် မပြောဘဲ၊ 3d software တွေကြား လက်ရှိဖြစ်နေတဲ့ အနေအထား၊ ရှေ့ ဖြစ်လာနိုင်တဲ့ အရေးပါမှုတွေကို ကြားရ၊ သိရသလောက်လေး မျှဝေခြင်းသာ ဖြစ်ပါတယ်။

တချို့အချက်တွေက ကိုယ်ပိုင် အမြင်ဖြစ်ပြီး၊ အကြောင်းအရာအများစုအတွက်

Internet , youtube ကိုဘဲ အခြေခံထားပါတယ်၊

အောက်မှာ ရေးသမျှ ရာနှုန်းပြည့် မှန်တယ် မယူဆသင့်သလို၊

အပြောင်းအလဲမြန်တတ်လွန်းတဲ့ ခေတ်မို့ သိထားသမျှ

အချက်အလက်တွေကလည်း အချိန်မရွေး ပြောင်းပြန် ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် ကိုယ်တိုင် လေ့လာပြီး အကဲဖြတ်ကြည့်တာသာ

အကောင်းဆုံးလို့ ကြိုပြောချင်ပါတယ်။

(𝟏) 𝐀𝐛𝐫𝐚𝐡𝐚𝐦 𝐋𝐞𝐚𝐥 (𝟑𝐝 𝐀𝐫𝐭𝐢𝐬𝐭 @ 𝐍𝐞𝐱𝐭𝐭𝐮𝐭) ရဲ့အမြင် ..

သူဟာ Maya 3D Artist, Character Animator, Educator, တဦးဖြစ်ပြီး

Maya Software သုံးခဲ့တာ 10 နှစ်ကျော်ပါပြီ။

ကြားထဲ Blender, Cinema4D တွေလည်း လေ့လာခဲ့ပြီး

သူတို့ရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို သတိထားခဲ့မိတယ်။

ကိုယ်တိုင် practice ကာလ နဲ့ အလုပ်အတွက်တော့ Maya ကို

တောက်လျှောက် သုံးခဲ့တယ် ဆိုပါတယ်။

ပြောရရင် သူ့ career life, ဝင်ငွေနဲ့ ဘဝရပ်တည်ရေးအတွက်

သက်မွေး ဝမ်းကြောင်း အတတ်ပညာတခုအဖြစ် Maya ကို ရွေးချယ်အသုံးပြုခဲ့ပါတယ်။ Studio ကြီးအချို့နဲ့ အလုပ်လုပ်ခဲ့ပြီး၊ အခက်အခဲ သိပ်မရှိ။

ဒါကြောင့် သူ့အတွက်တော့ Maya က အကောင်းဆုံး

လို့ ပြောပါတယ်။ Maya skill, Creative Arts ကောင်းတဲ့

သူ့အနေနဲ့ Workflow ထဲ Maya ထည့်သုံးတဲ့

Studio တွေကို join ဖို့ လွယ်ပါတယ်။

Blender ကို choice လုပ်ခဲ့ရင် Studio တွေနဲ့ ချိတ်ဆက်ဖို့ ခက်ပါတယ်တဲ့။ ဘာလို့လဲဆိုတာကို Industrial Standard အကြောင်းနဲ့ တွဲပြီး ရှင်းပြထားတာ ရှိပါတယ်။ Software တွေရဲ့ လုပ်နိုင်စွမ်း မဟုတ်ဘဲ၊ အဓိက Studios တွေရဲ့ Workflow တည်ဆောက်ပုံ အခြေခံပြီး ဘယ်သူက အလုပ်အကိုင် အခွင့်အလမ်း ပိုသာသလဲဆိုတဲ့ အကြောင်းပြချက်သာ ဖြစ်တယ်။ သူ Blender ကို တိုက်ခိုက်တာ မဟုတ်။ လက်ရှိ ဖြစ်နေတဲ့ အကြောင်းပြောတာဖြစ်ပါတယ်။

(𝟐) 𝐀𝐮𝐭𝐨𝐝𝐞𝐬𝐤 𝐌𝐚𝐲𝐚

Blender ရော Maya ပါ 3d packages တွေဖြစ်ပါတယ်။ Modeling, Texturing, UVs, Rigging, Animation, Simulation, Lighting, Rendering, စတာတွေကို သူတို့ နှစ်ခုလုံး လုပ်နိုင်စွမ်းရှိကြပါတယ်။

Maya ကို အရင် ကြည့်ရအောင်ပါ။ Alias 3D Modeling Software ကနေ ပြောင်းလဲလာတဲ့ Animation Software ဖြစ်ပြီး သူ့ ဖြစ်တည်မှု သမိုင်းဟာ အတော်ကြာခဲ့ပါပြီ။ သူ့စွမ်းဆောင်ရည်နဲ့ ၊ သူ့အသုံးပြုပြီး

ရခဲ့တဲ့ အနုပညာမြောက် animated movies၊ vfx, games တွေဟာ

မရေတွက်နိုင်အောင်ကို များပါတယ်။ ဥပမာ youtube top5 list ဖြစ်တဲ့

Finding Nemo (2003), Avatar (2009), Transformers ကားတွေ၊ Frozen (2013), Ice Age အတွဲလိုက်တွေဟာ Maya’s Animation တွေပါဘဲ။

အပိုဒ် (1) က Artist Abraham Leal ပြောစကားအရ Maya သုံးတတ်သူ တယောက် အနေနဲ့ Studios တွေနဲ့ တွဲလုပ်ရတာ အဆင်ပြေပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ Studios အများစုရဲ့ Workflow ထဲ Maya ကို ထည့်သွင်း တည်ဆောက်ထားပြီး ဒီ စနစ်တွေဟာ နှစ်ပေါင်းများစွာ အခြေခိုင်နေပြီးသား ဖြစ်ပါတယ်။ နောက် 3d software အသစ်တခု ပြောင်းထည့်ဖို့၊

ဝန်ထမ်းတွေကို training ပြန်ပေးဖို့၊ စတာတွေက အချိန်တိုတွင်း မလွယ်ကူ၊ Artist တွေကိုယ်တိုင်က သုံးနေတဲ့ အသားကျပြီးသား software ကိုဘဲ ဆက်သုံးချင်တာတွေဟာ workflow မပြောင်းလဲနိုင်သေးတဲ့ အချက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အတွေ့အကြုံရှိပြီးသား Animator, Artist အရင်းအမြစ်တခုလုံး

ဒီ Maya software နဲ့ဘဲ အလုပ်လုပ်ခဲ့ပြီး၊ Studios ကို အသစ်ဝင်လာတဲ့ မျိုးဆက်သစ် artist တွေကိုလည်း Maya ကိုသာ လက်ဆင့်ကမ်း မျှဝေ၊ တခါ အလုပ်လုပ်မဲ့ သူတွေကလည်း ဒီ Company သွားချင်ရင် သူတို့သုံးတဲ့ software (Maya, Max) သိမှ အလုပ်အတွက် အခွင့်အလမ်းရှိတဲ့ အခြေအနေဖြစ်နေပါတယ်။ သင်တန်းတွေ၊ ကျောင်းတွေကလည်း Maya တတ်လိုတဲ့ ကျောင်းသားများအတွက် Maya သင်မှ တွက်ချေကိုက်မယ်ဆိုတော့ Maya, Max တွေဟာ တော်ရုံနဲ့ ကျသွားမဲ့၊ workflow ထဲကနေ ပြောင်းလဲ၊ ထုတ်ပယ် ခံရမဲ့ အနေအထား မရှိသေးဘူးဆိုပါတယ်။

Software ထုတ်သူတွေ ဘက်ကလည်း ရပ်နေတာမဟုတ်၊

ကောင်းသထက်ကောင်းအောင် ဆက်လုပ်နေကြမှာဘဲဆို တော့ Blender နဲ့ Autodesk Maya ဘယ်သူသာသွားမလဲ ပြောရခက်သလို၊ စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။

Top Level Animation & VFX Studios တွေနဲ့ သူတို့ သုံးတဲ့ 3d Packages တွေ မှတ်ထားတာအချို့ ပြန်မျှဝေလိုပါတယ်။

note အချက်အလက်တွေ မပြည့်စုံ၊ လိုအပ်ချက် ရှိလိမ့်မယ်

ဆိုတာလည်း ပြောလိုပါတယ်။

(2.1) Blizzard (Entainterment) >> 3ds Max, Maya, Zbrush, Mudbox

(2.2) Walt Disney (Animation Studios) >> Maya, Zbrush.

(2.3) Weta (Digital) >> Maya, Zbrush.

(2.4) Blur Studio >>> Houdini, 3ds Max, Maya, Zbrush, Mari.

(2.5) Blue Sky >>> vfx အတွက် Houdini နဲ့ 3d Package အတွက် (proprietary software) ; (သူတို့ ကိုယ်ပိုင် software သုံးတယ်လို့ ဆိုလိုပါတယ်။ software နာမည် မသိပါ။)

(2.6) Pixer (Animation Studios) >> Animation အတွက် proprietary software သုံးပြီး နာမည်က 𝐌𝐚𝐫𝐢𝐨𝐧𝐞𝐭𝐭𝐞 လို့ခေါ်ပါတယ်။

(2.7) Dreram Works >> 𝐏𝐫𝐞𝐦𝐨 (proprietary software) , 𝐀𝐩𝐨𝐥𝐥𝐨 (proprietary software)

ဒီ proprietary software တွေဟာ၊ ထုတ်မရောင်းတဲ့အတွက် စျေးကွက်ထဲမရှိ၊

ဝယ်သုံးဖို့မဖြစ်နိုင်၊ မြင်တောင် မမြင်ဖူးပါ။

Maya, Houdini, စသဖြင့် software နာမည် မတပ်ဘဲ၊ (proprietary software) သုံးတာဖြစ်နိုင်တဲ့ အခြား Animation Studios တွေလည်း ရှိပါတယ်။ 3D Animation အတွက် Studios အများစု သုံးတာကတော့

3dsMax, Maya, Cinema4D, Houdini, ဖြစ်ပါတယ်။

2019 လောက်မှာ ပြင်သစ် Ubisoft Game Company က Blender ကို

သူ့ working pipeline ထဲ ထည့်သုံးလိုက်တယ် ဆိုတာကလွဲပြီး၊

Top Studios အတော်များများရဲ့ workflow ထဲ Blender မရှိသလောက် ရှားနေတုန်းပါဘဲ။ ဒါပေမယ့် ဒါဟာ Blender Software စွမ်းဆောင်ရည်နဲ့ မဆိုင်ပါ၊ မကောင်းလို့ လို့ မမှတ်ယူနိုင်ပါဘူး။

(𝟑) 𝐁𝐥𝐞𝐧𝐝𝐞𝐫 ကြည့်ရအောင်ပါ။

Blender ရဲ့ အကြီးဆုံး အားသာချက်က လုံးဝ Free ဖြစ်တယ်။ Light ဖြစ်တယ်။ Open Source ဖြစ်တယ်။ Coding နိုင်နင်းရင် ကိုယ်ပိုင် software အဖြစ်တောင် ပြောင်းလဲ ဖန်တီးပြီး သုံးလို့ရနိုင်တယ်ဆိုပါတယ်။

all-in-one ဘယ်သူ့မှ အားကိုးစရာမလို၊ Audio တခုကလွဲရင်၊ Production အစအဆုံး သူ့ထဲ ဖန်တီးနိုင်တဲ့ Function မျိုးဖြစ်ပြီး၊ ဒါကို တခြား ဘယ် 3d software ကမှ ဒီနေ့ထိ လိုက်မမှီသေးတာ၊ ဒါမှမဟုတ် လိုက်မလုပ်ကြသေးတာ သေချာပါတယ်။ လေ့လာဖူးသလောက် Blender ရဲ့ Modeling Feature တချို့ဟာ Maya, Max ထက် ပိုကောင်းတဲ့ အနေအထားရှိပါတယ်။ UVs, unwrapping တွေ လွယ်တယ် မြန်တယ်၊ Grease Pencil ဆိုတာမျိုးကလည်း သူများထက်ထူးပြီး 3d software ထဲ 2d ပါတွဲထည့်ထားတာပါ။ ဒါပေမယ့် သူ့မှာလည်း ပြဿနာတွေ ရှိနေပါတယ်။

ဆိုပါစို့ … Blender Free Dwonload လုပ်တယ်။ Project တွေ စကိုင်တယ်။

လုပ်ရင်းတန်းလန်း Hang တယ်၊ ပြုတ်ကျတယ်။ Project ပျက်သွားတာတွေဖြစ်လာနိုင်တယ်။ ဖြစ်လည်း ဖြစ်နေကြပါတယ်။ ဘယ် 3d software မှ ဒီပြဿနာမျိုး 100 % မကင်းရှင်းပါဘူး။ ထိမ်းလုပ်နိုင်တယ်။ ဘာပြသနာမှ မပေါ်ဘူး ဆိုရင်တော့ heavy project တွေ မကိုင်သေးတာ၊ မကိုင်ဖူးတာဖြစ်ပါလိမ့်မယ်။ studios ကြီးတွေမှာတောင် စက်ဘယ်လောက်ကောင်းကောင်း

ဒါတွေက ဖြစ်တတ်တဲ့ ပြဿနာပါ။

ဖြစ်တဲ့အခါ အလုပ်များတဲ့ သူတို့အတွက် software error ကို ဖြေရှင်းမနေဘူး။ ငွေပေးဝယ်ထားတဲ့အတွက် သက်ဆိုင်ရာ product ထုတ်သူတွေကဘဲ တာဝန်ယူပါတယ်။ ပိုက်ဆံနဲ့ ရောင်းတဲ့ 3d software တွေမှာ supporting feature, services တွေ အပြည့်အစုံရှိတယ်။ 3dsMax, Maya သုံးရင်း error ဖြစ်ပြီး ပြုတ်ကျသွားရင် error sending box ပေါ်လာပါတယ်၊ ကိုယ့်ပြဿနာကို autodesk ဆီ ပြောရင် သူတို့ ချက်ချင်း တာဝန်ယူပါတယ်။ နစ်နာမှုတွေအတွက် ဖြေရှင်းပေးတာတွေ ရှိတယ်။ ဒါပေမယ့် တရားမဝင် crack version တွေအတွက် အကျုံးမဝင်ပါ။

အဓိကအချက်က ခုမှ လာမှာပါ။ Blender မှာ ဒီအပိုင်း အားနဲချက်ရှိပါတယ်။

သူက Opensourse, Free ဖြစ်တယ်၊ သူက ငွေနဲ့ရောင်းနေတာမဟုတ်လို့၊ ဒီလို ပြဿနာမျိုးအတွက် ဘယ်သူကမှ တာဝန်ယူ မဖြေရှင်းပေးပါဘူး။

free ပေးတာမို့ Blender နာမည်တပ်ထားတဲ့ ဘယ်လိုအဖွဲ့ အစည်းမဆို

ဖြေရှင်းရန် တာဝန်လည်းရှိမနေဘူး။ Blender Site မှာတော့ Support Menu ရှိပါတယ်။ သွားပြောလို့ရပါတယ်။ ဒါပေမယ့် ဒါဟာ FB Group ထဲ post တင်ပြီး မေးတာထက် နဲနဲဘဲ ပိုပါတယ်။ ပြေလည်ချင် ပြေလည်မယ်၊ မပြေဘူးလည်း ဖြစ်နိုင်တယ်။ Software ပြုတ်ကျရုံမကလို့ Project အကုန်ပျက်စီးသွားလည်း User မှာသာတာဝန်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်သူကမှ Blender ကိုယ်စားပြု တရားဝင် Error Fix လုပ်ပေးမဲ့ သူမရှိလို့၊ တနည်းပြောရရင် တာဝန်ခံ၊ တာဝန်ယူမှု ရှိမရှိ မသေချာတာကြောင့် ဖြစ်ပါတယ်။

အဲဒီတော့ studios တွေမှာသုံးတဲ့အခါ ဒီလို ပြဿနာမျိုး အတွက်

ဖြေရှင်းဖို့ ခန့်ထားတဲ့ software engineers နဲ့ ဆိုင်မလား၊ ဖြေရှင်းမပေးဘူးလား မေးနိုင်ပါတယ်။ ဖြေရှင်းနိုင်ပေမယ့် ဒီထက် ပိုတဲ့ အကြောင်းတွေ ရှိပါသေးတယ်။ blender open source သဘောတရားက ဘယ်သူမဆို code လေးတကြောင်း ဝင်ရေးလိုက်တာနဲ့ Blender ဟာ ရေးသူနဲ့လည်း သက်ဆိုင်သွားပါတယ်။ တဦးတယောက်၊ တစုတဖွဲ့က ပိုင်ဆိုင်တာမျိုးမဟုတ်ဘဲ၊

လူ 100 လောက် ဝင်ရေးထားရင် ဒီ Blender Software ကို

အဲဒီလူ 100 လုံးက ပိုင်ဆိုင်မှုရှိတယ် ပြောနိုင်ပါတယ်။

ဒါတွေဟာ အကျိုးအမြတ်အတွက် အလုပ်လုပ်ကြတဲ့

Company ကြားမှာ ရှင်းရခက်တဲ့ အကြောင်းတွေပါ။

Blender ဟာ အများပိုင် ဖြစ်နေပြီး၊ တယောက်ယောက်က

ဘာမှ မပြောသေးရင် ဘာမှ မဖြစ်နိုင်ပေမယ့်၊

အကျိုးစီးပွား ဖြစ်ထွန်းလာချိန်မှာ ဘယ်သူ ဘာလုပ်မယ် ခန့်မှန်းမရပါဘူး။

ဥပမာ .. Disney က Blender Free သုံးပြီး Animation Movie ထုတ်တယ်၊

ဒေါ်လာ သန်းချီ မြတ်တယ်၊ မြတ်တဲ့ အချိန် software ရေးခဲ့သူတွေ၊

developer တွေ ဝေစု လာမခွဲဘူးလို့ ဘယ်သူကမှ စာချုပ် မချုပ်ထားပါ။

Personal တိုက်ခိုက်နှိပ်ကွပ်တာ မဟုတ်၊ Business မှာ ကြိုစဥ်းစားထားကြတဲ့

အချက်တွေဖြစ်ပါတယ်။

တကယ်တော့ studios တွေက ဒီအချက်တွေကို သေချာ သုတေသနလုပ်၊

လေ့လာ ပြီးပါပြီ။ ဒါကိုဘဲ Industrial Standard မမှီဘူးလို့

အဓိက အကြောင်းအရာများ အနေနဲ့ ပြောနေကြတာ၊

မသုံးကြသေးတာ ဖြစ်ပါတယ်။ အချိန်တခုရောက်လို့ ဖြေရှင်းရင်

ပြေလည်သွားနိုင်ပါတယ်၊ 2024-25 , Blender 4.0 stable version မထွက်ခင်မှာ ဒါကို ညှိနှိုင်းကြမယ်လို့ ကြားရပါတယ်။ ဒါပေမယ့် အလွတ်သဘော ပြောနေကြတာဖြစ်ပြီး Blender Organization ရဲ့ တရားဝင် ထုတ်ပြန်ချက် မတွေ့သေးပါ။

(4) Maya Indie နဲ့ (5) Hard Skills & Soft Skills , Software Choice များ ဆက်ဖေါ်ပြပါမယ်။

[ 2022 ခုနှစ် Feb မှာတင်ခဲ့တဲ့ , zandt facebook page မှ ဆောင်းပါးအဟောင်းဖြစ်ပါတယ်။ ]

𝐁𝐥𝐞𝐧𝐝𝐞𝐫 𝐚𝐧𝐝 𝐌𝐚𝐲𝐚 𝟑𝐃 𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 , ဘယ်ဟာ လေ့လာသင့်လဲ … ? (2) ဖတ်ရန်

Author

admin

Follow Me
Other Articles
Previous

[Gumroad] Crossmind Studio – Let’s learn ANIMATED CHARACTER CREATION IN 3D

Next

𝐁𝐥𝐞𝐧𝐝𝐞𝐫 𝐚𝐧𝐝 𝐌𝐚𝐲𝐚 𝟑𝐃 𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 , ဘယ်ဟာ လေ့လာသင့်လဲ … ? (2)

No Comment! Be the first one.

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

About Us

Blendini is a Myanmar-based 3D Animation Studio dedicated to spread the industrial-related insights, share learning resources and sell 3D products.

Popular Posts

  • [Gumroad] Crossmind Studio – Let’s learn ANIMATED CHARACTER CREATION IN 3D
  • Introduction to Texture Baking
  • Blendini ဆိုတာ ဘာလဲ
  • Udemy – Complete Blender Creator – Learn 3D Modelling for Beginners by Art Studio
  • 𝐁𝐥𝐞𝐧𝐝𝐞𝐫 𝐚𝐧𝐝 𝐌𝐚𝐲𝐚 𝟑𝐃 𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 , ဘယ်ဟာ လေ့လာသင့်လဲ … ? (2)

Find Us

Address
No.48, Hlaing, Than St.
Yangon, Myanmar

Phone
09781784331
09786572256

Hours
Monday–Friday: 9:00AM–5:00PM
Saturday & Sunday: 11:00AM–3:00PM

Archives

  • March 2026 (1)
  • February 2026 (8)
Copyright 2026 — Blendini Myanmar. All rights reserved.